CPC and CPA

CPC (Cost Per Click) (ခေါ်) PPC (Pay Per Click) နှင့်


CPA (Cost Per Action) (ခေါ်) PPS (Pay Per Sale) (ခေါ်) CPS (Cost Per Sale) တို့ ဖြစ်ပါသည်။


ကြော်ငြာထည့်သွင်းသူ (advertisers) များက CPC (သို့) CPA ကို ရွေးချယ်ကာ AdInnwa system ထဲတွင် ကြော်ငြာ campaign များ ပြုလုပ်နိုင်ပါသည်။ ကျွန်တော်တို့ရဲ့  Ad server, Ad network နှင့် Ad serving technology မှ website ပိုင်ရှင် (publisher) များ၏ website များသို. AdInnwa code widget ဖြင့် ကြော်ငြာထည့်သွင်းထားပါသည်။

CPC (Cost Per Click) ဆိုတာဘာလဲ


CPC (Cost Per Click) (ခေါ်) PPC (Pay Per Click) ဆိုတာ ကြာ်ငြာထည့်သွင်းသူ (advertiser) များက website ပိုင်ရှင် (publisher) များသို့ ကြော်ငြာတွင် click တစ်ချက်နှိပ်တိုင်း (per-click) ကြော်ငြာခ ပေးခြင်းဖြစ်သည်။

ကြော်ငြာထည့်သွင်းသူများက ကြော်ငြာအမျိုးအစား (Ad Category) ကို ရွေးချယ်ပြီး ကြော်ငြာပုံစံ (Ad Format) အစရှိသော Banner, Skyscraper, MPU များကို ရွေးချယ်က AdInnwa system ထဲတွင် ကြော်ငြာ ဖန်တီးနိုင်ပါသည်။ ကြော်ငြာထည့်သွင်းသူမှ သတ်မှတ်ထားသော Bit Rate (pre-click နှုန်းထား) နှင့် Daily Budget (နေ့ စဉ်အသုံးပြုငွေ) ပေါ်မူတည်၍ AdInnwa system မှ မည်သည့် websiteတွင် အကြိမ်မည်မျှ ပေါ်မည်ကို တွက်ချက်၍ အလိုအလျှောက် ကြော်ငြာထည့်သွင်း သွားပါမည်။


Website တည်ထောင်သူများက မိမိတို့ website နှင့် သင့်လျော်သော ကြော်ငြာပုံစံ (Ad Format) ကိုရွေးချယ်ပြီး AdInnwa system မှ generate လုပ်ကာ ရရှိလာသော code weight ကို သင့်လျှော်ရာ coding ပိုင်းတွင်ထည့်သွင်းရုံဖြင့် site ပေါ်တွင် အလိုအလျှောက် ကြော်ငြာပေါ်လာမည်ဖြစ်သည်။ ထိုကြော်ငြာများကို website user များ click နှိပ်ပါက Ad impression ပေါ်မူတည်၍ ကြော်ငြာခ ရပါမည်။

သတိပြုရန်။    ။ Website တည်ထောင်သူများမှ မိမိကြော်ငြာမိမိ click နှိပ်ခြင်း၊ user များအား အတင်း click နှိပ်စေခြင်း (သို့) software, bot များသုံးပြီး click နှိပ်စေခြင်းများကို AdInnwa system မှ auto detect လုပ်နိုင်ပြီး ထိုသို့ပြုလုပ်ပါက account အား ဖျက်သိမ်းမည်ဖြစ်သည်။

 ပြန်ခေါက်ထားရန်


CPA (Cost Per Action) ဆိုတာဘာလဲ


CPA (Cost Per Action) (ခေါ်) PPS (Pay Per Sale) (ခေါ်) CPS (Cost Per Sale) ဆိုတာ ကြော်ငြာထည့်သွင်းသူ (advertiser) များက website တည်ထောင်သူ (publisher) များသို့ ကြော်ငြာများမှ တစ်ဆင့် user များက action တစ်ခုပြုလုပ်တိုင်း (per-action) တွင် အကျိုးအမြတ် commission ပေးခြင်းဖြစ်သည်။ ထို action များမှာ user များ e-commerce site များတွင် ဈေးဝယ်ခြင်း၊ member register ပြုလုပ်ခြင်း၊ newsletter signup ပြုလုပ်ခြင်းများ ဖြစ်နိုင်ပါသည်။

Site တည်ထောင်သူများမှာ ကြော်ငြာထည့်သွင်းရုံ၊ ထိုကြော်ငြာများသို့ user များ click နှိပ်ရုံဖြင့် ပိုက်ဆံရမည် မဟုတ်ပါ။ ထိုကြော်ငြာများမှ တစ်ဆင့် ကြော်ငြာထည့်သွင်းသူ လုပ်စေချင်သော action တစ်ခုကို user များလုပ်မှသာ site တည်ထောင်သူ အနေဖြင့် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ ဤ Ad model တွင် ကြော်ငြာထည့်သွင်းသူ (advertiser) အား Merchant ဟုခေါ်ဆိုနိုင်ပြီး website တည်ထောင်သူ (publisher) အား Affiliate ဟုခေါ်ဆိုနိုင်ပါသည်။ ဤ Ad model အား Performance-based Marketing ဖြစ်သော Affiliate Marketing ဟုလည်း ခေါ်ဆိုနိုင်ပါသည်။


ကြော်ငြာထည့်သွင်းသူများက CPC ကဲ့သို့ ကြော်ငြာအမျိုးအစား၊ ကြော်ငြာပုံစံများ ရွေးချယ်ပြီးလျှင် Commission ကို Percentage ( သို့ ) Fixed commission rate သတ်မှတ်ရန် လိုအပ်ပါသည်။

Website တည်ထောင်သူများက မည်သည့် CPA program ထည့်သွင်းမည်ကို ရွေးချယ်ပြီး join ရန်လိုအပ်သည်။ CPA ကြော်ငြာများသည် CPC ကဲ့သို့ အလိုအလျှောက် site ပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။

Website တည်ထောင်သူမှ CPA တစ်ခုကို join ပြီဆိုလျှင် ထို CPA ပိုင်ရှင်ဖြစ်သော ကြော်ငြာထည့်သွင်းသူမှ လက်ခံရန်လိုအပ်သည်။ ကြော်ငြာထည့်သွင်းသူ လက်ခံမှသာ ထို CPA ကြော်ငြာသည် website တည်ထောင်သူမှ သူ၏ site တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် CPA သည် website တည်ထောင်သူမှ သူ၏စိတ်ကြိုက်ကြော်ငြာရှင်ကို ရွေးချယ်နိုင်သလို ကြော်ငြာရှင်မှလည်း သူ၏စိတ်ကြိုက် website ကိုပြန်လည်ရွေးချယ်နိုင်ပါသည်။

Comments