what is world press?
WordPress (WP) ဆိုတာ ဘာလဲ ?
ကျုပ်တို့ မြန်မာမှာ ဆိုစကားလေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ …
“မြင်းစီးပြီး အထီးမှန်း၊ အမ မှန်း မသိ” ဆိုတာပါပဲ။
ကိုယ်စီးတဲ့ မြင်းဟာ အထီးလား၊ အမလား ဆိုတာလောက်တော့ သိအောင် စူးစမ်းသင့်တယ်ပေါ့။
အခုလည်း WordPress ကြီးကို စီးတော့မယ် ဆိုတော့ မစီးခင်မှာ အထီးလား၊ အမလား သိအောင် လုပ်ရဦးမယ်။
မှန်းစမ်း ….။ လှန်ကြည့်လိုက်ဦးမယ်။ လာလေရော့ဟယ် ……..။
((နောက်တာပါ)) 😀
=|=|=|=|=|=|=|=|=|=|=|=|=
WordPress.Com နဲ့ WordPress.Org
WordPress အကြောင်းကို ပြောရင် ပထမဆုံး သိထားရမှာကတော့
WordPress.Com နဲ့ WordPress.Org ဆိုတဲ့ တူညီသလိုလိုနဲ့ အနည်းငယ် ကွဲပြားကြတဲ့ ဝက်ဘ်ဆိုက် (၂) ခုပါပဲ။
WordPress.Com မှာက Free Blog တွေ ဖန်တီးလို့ ရနိုင်ပါတယ်။
Wordpress.Org မှာက မရပါဘူး။
ဒါဖြင့် WordPress.Org က ဘာတုန်း ???
ဟုတ်ကဲ့ …..။ ပြောပါ့မယ်။
WordPress.Com
WordPress.Org
WordPress ဆိုတာ
WordPress ဆိုတာက အွန်လိုင်းမှာ ဝက်ဘ်ဆိုက်လုပ်သူတွေ လွယ်လင့်တကူ ပြင်ဆင်ပြီး အသုံးပြုနိုင်တဲ့ Open Source Software တစ်ခု ဖြစ်ပါတယ်။ အွန်လိုင်းမှာ မိမိ ဝယ်ယူထားတဲ့ နေရာ (hosting) တစ်ခုမှာ ဒီဆော့ဖ်ဝဲလ် ကို တင်၊ Install လုပ်ပြီး လိုသလို ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ ဒီလို သုံးပြီဆိုရင် ဒီဆော့ဖ်ဝဲလ်အတွက် အပိုထပ်ဆောင်း လိုအပ်မယ့် အရာတွေကလည်း ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတော့ ဝက်ဘ်ဆိုက် စာမျက်နှာဒီဇိုင်းများ (Themes) ၊ ဝက်ဘ်ဆိုက်ကို Facebook နဲ့ ချိတ်ဆက်ခြင်း၊ ကြည့်ရှုသူ မည်မျှရှိသည်ကို ပြခြင်း စတဲ့ စတဲ့ များစွာသော အပိုကိရိယာများ (Plugins) တွေပဲ ဖြစ်ပါတယ်။ WordPress Software အပါအဝင် ဒီလို ကိရိယာ များစွာကို တင်ထားတဲ့ နေရာ၊ ရယူနိုင်တဲ့နေရာဟာ WordPress.Org ပဲ ဖြစ်ပါတယ်။
WordPress.Com မှာ Free Blog တွေ ဖန်တီးလို့ ရတယ်လို့ အပေါ်မှာ ပြောခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ လူသုံးအများဆုံး၊ အကျော်ကြားဆုံးလို့ ဆိုနိုင်တဲ့ Free Blog တည်ဆောက်ခွင့် ပေးထားတဲ့ နေရာ (၂) ခု ရှိပါတယ်။
(1) Blogger.Com
(2) WordPress.Com
တို့ပဲ ဖြစ်ပါတယ်။
Blogger.Com ဆိုတာက ကမ္ဘာကျော် ရှာဖွေရေး ဝက်ဘ်ဆိုက်ကြီး Google ကနေ ပေးထားခြင်း ဖြစ်ပါတယ်။
yourname.blogspot.com ဆိုတဲ့ လိပ်စာများနဲ့ တည်ဆောက်ထားတဲ့ Blog များဟာ Blogger Blog များပါပဲ။
ဒီလိုပါပဲ။
Wordpress.Com ဆိုတာဟာလည်း Blogger.Com လိုပါပဲ။
ပုံစံခြင်း၊ အသုံးပြုပုံခြင်းတွေကတော့ ကွာတာပေါ့။
Wordpress.Com ရဲ့ Sub Domain Name (တစ်ဆင့်ခံ အင်တာနက် လိပ်စာ) ကတော့ yourname.wordpress.com ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ yourname.wordpress.com ဆိုပြီး တွေ့မိတဲ့ Blog များဟာ ဆိုရင် WordPress.Com ကနေ ယူပြီး အသုံးပြုနေကြတဲ့ Blog များလို့ သိနိုင်ပါတယ်။
ဥပမာ အားဖြင့် ကျုပ် Blog ရဲ့ လိပ်စာကိုပဲ ကြည့်ပါ။ (https://wordpressmm.wordpress.com/) ဆိုပြီး တွေ့ရနိုင်ပါတယ်။
နည်းနည်း ရှုပ်သွားပြီလား မသိဘူး။ အတိုချုပ် မှတ်ချင်ရင်တော့ …
Wordpress.Com – Free Blog တည်ဆောက်တဲ့ နေရာ
Wordpress.Org – အင်တာနက်ပေါ်မှာ နေရာ (hosting) ရှိမှ ကြည့်ရမယ့် နေရာ
လို့သာ အလွယ်မှတ်ထားကြပေတော့။
=|=|=|=|=|=|=|=|=|=|=|=|=
WordPress.Com မှာ အပေါ်မှာ ပြထားတဲ့ အပိုကိရိယာတွေကို ကိုယ်တိုင် ထည့်စရာ မလိုဘူး။ ထည့်လို့လည်း မရဘူး။
ကိုယ့် Blog ကို သူများက Hack မှာကိုလည်း ပူစရာ မလိုဘူး။
လုံခြုံရေး ဆိုင်ရာတွေကိုလည်း သူ့ဟာသူ အော်တို လုပ်လိမ့်မယ်။
ပုံစံ အသစ်ပြောင်းတိုင်းလည်း သူ့ဟာသူ အော်တို လုပ်လိမ့်မယ်။ (ပုံစံ အသစ် ဆိုတာက Blog ရဲ့ စာမျက်နှာ ဒီဇိုင်း ကို ဆိုလိုတာ မဟုတ်ပါဘူး။)
ကျုပ်တို့ အလုပ်က…..
Blog စာမျက်နှာ ဒီဇိုင်းကို သူ ပေးထားတဲ့ ထဲကနေ မိမိစိတ်ကြိုက် ရွေးချယ်ပြီး အသုံးပြုမယ်။ (WordPress မှာ အလွန်လှပတဲ့ စာမျက်နှာ ဒီဇိုင်းတွေ ရှိတယ်။)
မိမိ စိတ်ကြိုက် ပို့စ်တွေ တင်ကြမယ်။
Comment မှာ အပြန်အလှန် ပြောကြမယ်။
မိမိမှာ Facebook စာမျက်နှာ ရှိရင် ကိုယ့်ရဲ့ Blog နဲ့ ချိတ်ထားလို့ ရသေးတယ်။
စသည်ဖြင့် Blog ဆိုတဲ့ ကဏ္ဍထက် ပိုပြီး လုပ်လို့ ရနိုင်တာတွေ အများကြီးပါပဲ။
ဒါကြောင့်မို့လည်း ကမ္ဘာကျော် ဖြစ်လာတာပါပဲ။
ကဲ … ပြောနေတာ ကြာပါတယ်။
အခုပဲ WordPress.Com ကို သွားပြီး Free Blog တစ်ခု တည်ဆောက်လိုက်ကြရအောင်ဗျာ။
=|=|=|=|=|=|=|=|=|=|=|=|=
WpMm
(https://wordpressmm.wordpress.com/)
=|=|=|=|=|=|=|=|=|=|=|=|=
Comments
Post a Comment